Youtube က နေ ဗီဒီယိုတွေကို အလွယ်ဒေါင်းချင်လို့ပါ IDM 

မသုံးဘဲဒေါင်းရနည်းလေး

ပြောပေးပါဆိုလို့ ကျွန်တော်လည်း အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု 

တင်ပေးလိုက်တယ် ထွေထွေထူးထူးမဟုတ်ပါဘူး firefox addon

 တစ်ခုသုံးပြီး

ဒေါင်းတာပါ မခဲယဉ်းပါ ကဲစလိုက်ကြစို့ဘော်ဒါတို့ရေ


အရင်ဆုံး ဒီလင့်လေးကို သွားလိုက်ပါ

ဒါဆိုရင် အောက်ပုံလေးအတိုင်း ပေါ်လာရင် Add to Firefox 

ဆိုတာကိုနှိပ်လိုက်ပါ

Add-on ဆိုလို့ မကြောက်ကြပါနဲ့  User 1,215,098  လောက်ရှိပြီး

4Star ရထားတာပါ... ကျွန်တော်ဆို ဒါပဲသုံးတယ်

အဲဒါဆိုရင် firefox မှာ add on လေးက ဒေါင်းလုတ်လုပ်နေပါလိမ့်မယ်

သတိ-ဒေါင်းနေစဉ်အတွင်း ဘာမှ မလုပ်ပဲ ငြိမ်နေပါ... ခဏလေးပဲကြာမှာပါ

ဒေါင်းလို့ အစိမ်းတန်းလေးပြည့်သွားရင် သူ့အလိုလိုအောက်ကပုံစံမျိုး တက်လာမှာပါ

အဲဒီအခါကျရင် Flash Video downloader ဆိုတာလေးကို တစ်ချက်နှိပ်ပါ ပြီးတော့

Install Now ဆိုတာလေးကိုနှိပ်ပေးပါ

ဒါဆိုရင် Firefox ကို restart လုပ်ဖို့တောင်းပါမယ်

restart ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ

ပြီးတော့ Youtube ကနေ ဗီဒီယိုတစ်ခုကို

 ဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပဲ

ဗီဒီယိုရဲ့ အောက်မှာ အပြာရောင်လေးနဲ့ Download ဆိုတာကိုနှိပ်လိုက်ပါ

အဲဒီမှာ Down ဖို format မျိုးစုံကျလာပါလိမ့်မယ်

ကိုကြိုက်တဲ့ format တစ်ခုခုကိုနှိပ်ပေးလိုက်ရင် ဒေါင်းလုတ်

လုပ်ငန်း စပါလိမ့်မယ်။။

 

အားလုံး လုပ်တတ်ကြမယ်ထင်ပါတယ် လွယ်ကူစွာပဲဒေါင်းနိုင်မှာပါ

တကယ်တော့ မသိရင်ခတ်တာပါ သိသွားရင် လွယ်ကူပါတယ်

မှတ်ချက် - firefox Browser အရမ်းနိမ့်လျှင် Add-on က အလုပ်မလုပ်ပါ

 

 

File size က အရမ်းနည်းတော့ သိပ်မကောင်းဘူးမထင်နဲ့သူ့ဟာနဲ့သူကောင်းတယ်
Music Player ထဲမှာ ဖိုင်ဆိုဒ်လေးတော်တော်နည်းတယ် အခြား Player တွေလိုပဲ
အကုန်လုပ်ရတယ် EQ ချိန်ရတယ် Virtualizer လည်း ရတယ် အဲဒါကိုကြိုက်တာ
နောက်ပြီး Eng music တွေအတွက် internet ကနေ Lyric တွေ ဒေါင်းတယ်
နောက်တစ်ခုက Sleep Timer လည်းပါတယ် သေးပေမယ့် တော်တော်စုံတယ်ပြောရမယ်
ဒေါင်းပေတော့ဗျာ..
ဖိုင်ဆိုဒ်က 118KB (0.11MB)

HikiPlayer Pro
HikiPlayer is a lightweight folder based music player.
Features:
 > Equalizer (for Android 2.3 and higher)
 > Local lyrics search by tag
 > Customizable text, background, icon color
  • Customizable font, icon, seekbar size
  • Auto-color mode (set colors based on album art image)
  • СUE sheet support (if your device supports FLAC, APE etc.)
  • Embedded and external album art (cover.jpg, front.jpg etc.)
  • Video playback (codecs supported by device)
  • Supports subtitles (.srt)
  • Last.fm scrobbling
  • Playlist shuffle
  • Supports headset buttons
  • Decrease the volume on phone call
  • Home screen widget
  • File operations
  • Text viewer
  • Image viewer
  • Ad free
What's in this version : (Updated : May 26, 2012)
  • free equalizer and sleep timer
  • new: cycling pager, text style preference (for Android 4.1 and higher), widget opacity preference
  • fixed: tablet ui
  • improved: app settings, icons, ui
Required Android O/S : 2.1+

Screenshots :

 
 
 
APR 7 G510 Root မလုပ်ဘဲမြန်မာဖောင့်ထည့်ရအောင် Huawei 4.1.1 No Need Code.. No Need Root …. No Need dload file …. No Need CWM … One Minute Myanmar Font Huawei Version 4.1.1 U8951(G510) , U8833(Y300) ဖုန်းတွေကို Root လုပ်စရာမလို … dload file မလို .. CWM မလို … Code မလုပ်ဘဲနဲ့ .. မြန်မာဖေါင့်အလွယ်ဆုံးထည့်မယ် လိုအပ်တာကတော့ ဒါလေးဘဲဒေါင်းလိုက်ပါ
 ဒေါင်းပြီးသွားပြီဆိုရင် ကျွန်တော် အပေါ်မှာ ပြောတဲ့ ဖုန်းမော်ဒယ်လ်တွေထဲက ကြိုက်တဲ့ ဖုန်းတစ်လုံး Power ဖွင့်ပြီးတော့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ပြီးရင် Phone Internal Storage ထဲက HWThemes>> Diy Theme>> ကို ဒေါင်းထားတဲ့ TeeKg.hwt ဆိုတဲ့ဖိုင်လေးထည့်လိုက်ပါ . ဖုန်းချိတ်ဆက်ထားမူ့ ကို ဖြုတ်လိုက်ပါ ..ပြီးရင် Application ထဲက Theme ထဲမှာကြည့်လိုက်ပါ … Elegance ဆိုတဲ့ Theme ကိုတွေ့ ပါလိမ့်မယ် … အဲဒီကောင်လေးကိုရွေးလိုက်ပါ … အဲဒီမှာ Apply Theme ဆိုပြီးတော့ သူကမေးပါလိမ့်မယ် .. Theme with font ဆိုတာကိုရွေးပေးလိုက်ပါ … ဖုန်းက သူ့ ဘာသာ ရီစတက်ကျသွားပြီ ပြန်တက်လာလိမ့်မယ် .. ပြီးနောက် မြန်မာကီးဘုတ်ထည့်ပြီးရိုက်လို့ ရပါပြီ… တခြား Theme များကို သုံးချင်ပါက သုံးနိုင်ပါတယ် … ဒါပေမဲ့ တခြား Theme ကိုသုံးရင်တော့ Theme without font ကိုရွေးပေးပါ … အားလုံး အဆင်ပြေကြပါစေ ….

GO Launcher EX GO Launcher EX

Go Launcher ကြိုက်တဲ့ မိတ်ဆွေတွေအတွက် အခု နောက်ဆုံးထွက်လာတဲ့

version 3.6 လေးကို တင်ပေးလိုက်ပါတယ်

New features:

- Supports GO Launcher super themes (more homescreen effects),the last pic above is our “Dryad Super Theme”.(Search “Dryad” in google paly, it’s free to download)

- Draw patterns to active apps (double click on home screen to active custom gesture)

- Squeezing effect of icons and widgets (Jelly Bean style)

ဖိုင်ဆိုဒ်က 7.59 MB

 

 
 
 မိမိတို့စိတ်ကြိုက်ဓါတ်ပုံတွေပြင်ဆင်ဖို့ အတွက်ဆော့ဝဲလ်ကောင်းလေးကို အသစ်တွေ့လို့
ဓါတ်ပုံပြင်တာဝါသနာပါတဲ့ သူများနဲ့ ပုံတွေကိုလန်းလန်းလေးဖြစ်အောင်လုပ်ချင်တဲ့သူများအတွက်
ရီရွယ်ပြီတော့ ဒီဆော့ဝဲလ်လေးကို ပြန်မျှဝေပေးလိုက်တာပါ။ အသုံးပြုရတာလည်း အရမ်းလွယ်ကူသ
လို ပြင်ဆင်ပုံလေးတွေကလည်းလန်းပါတယ် ။ ရုပ်ဆိုးပြီး အသားမဲ နေတဲ့ သူတယောက်ကိုလန်းအောင်
လုပ်ပေးနိုင်တဲ့ကာင်လေးပါ သေးသေးလေးဆိုပေမယ့် အထင်တော့မသေးလိုက်ပါနဲ့ နော်တော်တော်ကို
ကောင်းပါတယ် မိမိတို့စိတ်ဆိုသလို ကိုယ်ကြိုက်နှစ်သက်သလိုပြင်ဆင်လို့ရပါတယ် ။
သူရဲ့ လုပ်ဆောင်ချက်တွေကိုပြောရမယ်ဆိုရင် မျက်နှာကြမ်းတဲ့သူကိုချောအောင်လုပ်ပေးနိုင်တယ်
ပြီးရင် ပုံထဲကမလိုအပ်တဲ့ အရာတွေမလိုတဲ့အပိုင်းတွေကိုလည်းအကုန်ဖျက်ထုတ်ပေးနိုင်ပါတယ်
လုပ်ဆောင်ချက်တွေကတော့ အများကြီးပါဘဲ စိတ်ဝင်စားအောင်အကြမ်းပြောပြလိုက်တာပါ
အကုန်လုံးသိချင်ရင်အောက်မှာ သူရဲ့လုပ်ဆောင်ချက်အကုန်လုံးပါဘဲ
Current version includes these tools:
• Liquify• Clone• Smudge• Skin Cleaner• Glamour Skin• Dodge / Burn• Brush
• Blur• Sharpen• Colorize• Rotate / Scale• Red Eye Removal• Brightness-Contrast
• Adjust Color Levels• Glow• Healing Brush• Denoise• Object Removal

ကိုယ်တိုင်သုံးကြည့်မှ လန်းးလားမလန်းဘူးလားဆိုတာကိုသိမှာပေါ့နော်
စကားတွေမရှည်တော့ပါဘူး လိုချင်တယ် စိတ်ဝင်စားတယ်ဆိုရင်အောက်မှာယူသွားပြီး ကလိကြည့်ပါ
ဗျာ။ ဖိုင်ဆိုက်ကတော့ 11.50 MB ဘဲရှိပါတယ်။ သူ့ကို ဗားရှင်းဖြစ်ဖို့အတွက်က crack ဖိုင်
ထည့်ပေးထားပါတယ်။ 

Download here.....-PhotoI.... 

 

 


 
တောင်တွေ ချိုင့်တွေပေါ်ဖြတ်မောင်းရတဲ့ ဂိမ်းလေးပါ
ဂိမ်းသေးလေးဆိုပေမယ့် အထင်မသေးပါနဲ့ ဆော့ရတာ မဆိုးပါဘူး
ကိုရတဲ့ ငွေပေါ်မူတည်ပြီး ကားကို upgrade လုပ်ပေးရပါတယ်
ဆော့ရတာလွယ်မလိုနဲ့ ခတ်ပါတယ် ဆော့ကြည်ကြအုံးနော်
ဖိုင်ဆိုဒ်ကလည်း နည်းတယ် 10MB ပဲရှိတာလေ ဖုန်းသေးလေးတွေလည်း
ဆော့ရတယ်... ကဲ ဒေါင်းကြပါတော့ဂျာ

                                              

Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။Software မရှိဘဲ စစ်တဲ့ နည်းတွေ တော်တော်များများ

ရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….
• Tools Menu က Folder Options ပျောက်နေ ပါသလား။

Command Prompt, Registry, Task Manager ကိုဝင်တိုင်းကွန်ပျူတာ Restart ကျသွားပါသလား။


• Administrator Account ဖြစ်ရဲ့ သားနဲ့Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။

Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေပါသလား။

Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာဖြစ်နေပါသလား။

Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။

• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Boxပဲ ပေါ် နေပါသလား။

• Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။

• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)

• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, NewFolder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Formatချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )

အထက်ပါ အချက်တွေထဲက တစ်ခုခု ခင်ဗျားစက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။